back

၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့် အုပ်စု (င) ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်အသင်း၏ ပွဲကြိုစကားသံများထွက်ပေါ်

Mar 25 • 1:35 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့် အုပ်စု (င) ပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်အသင်း၏ ပွဲကြိုစကားသံများထွက်ပေါ်

2027 AFC Asian Cup Qualification - third roundပွဲစဉ်က အဖွင့်ပွဲစဉ်ဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ အိမ်ကွင်းမှာကစားရတဲ့အတွက် ကျွန်တော်တို့အတွက် အားသာချက်လည်း ဖြစ်မှာ...

2027 AFC Asian Cup Qualification - third roundပွဲစဉ်က အဖွင့်ပွဲစဉ်ဖြစ်တဲ့အတွက် အရေးကြီးပါတယ်။ အိမ်ကွင်းမှာကစားရတဲ့အတွက် ကျွန်တော်တို့အတွက် အားသာချက်လည်း ဖြစ်မှာပါ။ အာဖဂန်နစ္စတန်အသင်းရဲ့ ခြေစွမ်းကိုလည်း သေချာလေ့လာပြီး ပြင်ဆင်ထားပါတယ်ဆိုပြီးဦးမျိုးလှိုင်ဝင်း (နည်းပြချုပ်၊ မြန်မာ့လက်ရွေးစင်အသင်း)မှပြောပြခဲ့ပါတယ်။ပွဲက အရေးကြီးပါတယ်။ အာဖဂန်နစ္စတန်အသင်းရဲ့ ခြေစွမ်းကိုလည်း လေ့လာထားပါတယ်။ ကျွန်တော်တို့အတွက်က ပရိသတ်တွေလည်း ရှိနေမှာဖြစ်လို့ အိမ်ကွင်းအားသာချက်လည်း ရှိနေပါတယ်။ ပရိသတ်တွေကိုလည်း လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်ဟုသီဟဇော် (ကွင်းလယ်ကစားသမား၊ မြန်မာ့လက်ရွေးစင်အသင်း)မှလည်း သူ့ရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။


news-view-count-icon

14