မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာများ တွင် ရွှေဖရုံသီးစိုက်ပျိုးမှု ကို မိသားစုအပိုဝင်ငွေထုတ်ရန် စတင်လုပ်ကိုင်ခဲ့ပြီး ယခုအခါ စီးပွားဖြစ်စိုက်ပျိုးမှု အဖြစ် ပြောင်းလဲလာသည်။ ရွှေဖရုံသီးသည် ရာသီမရွေး စိုက်ပျိုးနိုင်မှု ရှိကာ လေးလအကြာတွင် အသီးခူးနိုင် သည်။ တစ်ဧကလျှင် မြေသြဇာ၊ သွင်းအားစုနှင့် လုပ်သားအခကြေးငွေ စုစုပေါင်း ကျပ် ၆ သိန်းခန့် ကုန်ကျ၍ အသီး ၄,၀၀၀ ကျော် ထွက်ရှိသည်။ ကုန်စိမ်းပွဲစားများ မှ တိုက်ရိုက်ဝယ်ယူပြီး ကျောက်ဆည်ဒေသတွင်းနှင့် မန္တလေးမြို့သို့ တင်ပို့ရောင်းချ ကြသဖြင့် အကျိုးအမြတ်များ ရရှိနေကြသည် ဟု စိုက်ပျိုးသူများက ပြောကြားခဲ့သည်။



