မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်နှင့် ရွှေနန်းတော်ကျောင်းသို့ တစ်နှစ်အတွင်း ခရီးသွားပေါင်း (၅၈,၀၀၀)ကျော် လာရောက်လည်ပတ်

Mar 23 • 4:07 PM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်နှင့် ရွှေနန်းတော်ကျောင်းသို့ တစ်နှစ်အတွင်း ခရီးသွားပေါင်း (၅၈,၀၀၀)ကျော် လာရောက်လည်ပတ်

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်နှင့် ရွှေနန်းတော်ကျောင်းသို့ လာရောက်လေ့လာသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ပေါင်း (၅၈,၀...

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော်နှင့် ရွှေနန်းတော်ကျောင်းသို့ လာရောက်လေ့လာသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ပေါင်း (၅၈,၀၀၀) ကျော် ရှိကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ သိရပါသည်။မြနန်းစံကျော်ရွှေနန်းတော်နှင့် ရွှေနန်းတော်ကျောင်းသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှု ပြည်ပ ခရီးသွား ဧည့်သည် ၄,၉၉၃ ဦးနှင့် ပြည်တွင်းခရီးသွားဧည့်သည်ပေါင်း ၅၃,၂၁၁ ဦး၊ စုစုပေါင်း ၅၈,၂၀၄ ဦး ရှိခဲ့ကြောင်း သိရပါသည်။မြနန်းစံကျော်ရွှေနန်းတော်နှင့် ရွှေနန်းတော်ကျောင်းကြီးသို့ ပြည်တွင်းခရီးသွား တစ်ဦးလျှင် ဝင်ကြေး ၅၀၀ ကျပ်သာပေးရပြီး ပြည်ပခရီးသွား တစ်ဦးလျှင် ဝင်ကြေးငွေကျပ် ၁၅,၀၀၀ ကျပ် ကောက်ခံကြောင်း သိရပါသည်။


news-view-count-icon

4