ယနေ့ မတ်လ ၂၂ ရက် ညနေ ၆ နာရီအချိန်က မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ ပို့ဆောင်မည့် StarLink အင်တာနက်ပစ္စည်းများအား ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။စစ်ဆေးရာတွင် ပစ်ကပ်ကားပေါ်မှ StarLink အင်တာနက်ပစ္စည်းများထည့်ထားသည့် ဂျပ်ဖာ (၃၈) ဖာကို တွေ့ရှိရသဖြင့် စစ်ဆေးရေးဂိတ်တာဝန်ရှိသူများက ယာဉ်မောင်းအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။အဆိုပါ ပစ္စည်းများအား ကားဖြင့်တင်ဆောင်လာသူ တရုတ်နိုင်ငံသားတစ်ဦးကို ထိုင်းအာဏာပိုင်များက ဖဝေါရဲစခန်းတွင် ထိန်းသိမ်းထားပြီး၊ ၎င်းအား ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ ပို့ဆောင်မည့် StarLink အင်တာနက်ပစ္စည်းများ မဲဆောက်စစ်ဆေးဂိတ်တွင် ဖမ်းမိ
Mar 22 • 3:18 PM
မြန်မာ
ကရင်
မျှဝေမည်
4 | 0 | 0 | 0 |