မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား အောင်နိုင်ဝင်းအား ရခိုင်ယူနိုက်တက်အသင်းက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ

Mar 22 • 3:04 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား အောင်နိုင်ဝင်းအား ရခိုင်ယူနိုက်တက်အသင်းက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား အောင်နိုင်ဝင်းကို ရခိုင်ယူနိုက်တက်အသင်းက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက အသိပေးထားသည်။ရခိုင်အသင်းသည် ရာသ...

မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား အောင်နိုင်ဝင်းကို ရခိုင်ယူနိုက်တက်အသင်းက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းက အသိပေးထားသည်။ရခိုင်အသင်းသည် ရာသီသစ်အတွက် အောင်နိုင်ဝင်းအပါအဝင် ကစားသမားသစ် (၃) ဦးကို အားဖြည့်ခေါ်ယူထားပြီးဖြစ်သော်လည်း နောက်ထပ်ကစားသမားများ ထပ်မံခေါ်ယူသွားဦးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။လက်ရှိခေါ်ယူလိုက်သည့် မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား အောင်နိုင်ဝင်းသည် ရှမ်းယူနိုက်တက်အသင်း မှတဆင့် ဒဂုံစတားယူနိုက်တက်၌ အငှားလာရောက်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သည်။လက်ရှိအချိန်၌ အာဖဂန်နစ္စတန်အသင်း နှင့် အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် အတူ စခန်းဝင်လေ့ကျင့်နေပြီး အဆိုပါပွဲပြီးမှသာ အသင်းတွင်လာရောက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း သိရသည်။


news-view-count-icon

13