ထားဝယ်မြို့တွင် တရုတ်ဘိုးဘိုး လှည့်လည်ပွဲကျင်းပမည်

Mar 22 • 11:05 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်မြို့တွင် တရုတ်ဘိုးဘိုး လှည့်လည်ပွဲကျင်းပမည်

ထားဝယ်မြို့ ၊ ဇရစ်ရပ်ကွက် ၊ ကျန့်တိတ်(ခ)ကျမ်းတိတ် ဗုဒ္ဓဘာသာတရုတ်ဘုရားကျောင်းတွင် တည်ရှိသည့် တွာပေ့ကုန်း(ခ)ထွာပေကုန်း တရုတ်ဘိုးဘိုး လှည့်လည်ပွဲကို မတ်လ ၂၃ ရက် နံ...

ထားဝယ်မြို့ ၊ ဇရစ်ရပ်ကွက် ၊ ကျန့်တိတ်(ခ)ကျမ်းတိတ် ဗုဒ္ဓဘာသာတရုတ်ဘုရားကျောင်းတွင် တည်ရှိသည့် တွာပေ့ကုန်း(ခ)ထွာပေကုန်း တရုတ်ဘိုးဘိုး လှည့်လည်ပွဲကို မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ကျင်းပမည်ဟု ဘုရားကျောင်း ဂေါပက အဖွဲ့ထံမှသိရသည် ။တွာပေ့ကုန်းဘိုးဘိုး ကို မတ်လ ၂၃ ရက် နံနက် ၈ နာရီတွင် ဘုရားကျောင်းမှ ပင့်ဆောင်ပြီး ညောင်ပင်ကြီးလမ်းဆုံ ၊ တောင်ခွလမ်းဆုံ ၊ ဘုရားရှစ်မြှောင့်လမ်းဆုံ ၊ ဗိုလ်ချုပ်လမ်းဆုံ စသည့် လမ်းကြောင်း အတိုင်း လှည့်လည်ပြီး ဘုရားကျောင်းသို့ ပြန်ပင့်ဆောင်မည်ဖြစ်သည်ဟု သိရပါသည် ။


news-view-count-icon

9