ဗုံတီးမယ်’ သီချင်းဖန်တီးရိုက်ကူးသူ သဘင်အစည်းအရုံး(ဗဟို)သို့သွားရောက်တောင်းပန်ပြီး မပြုလုပ်တော့ဟုဝန်ချကတိပြုခဲ့

Mar 22 • 9:17 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ဗုံတီးမယ်’ သီချင်းဖန်တီးရိုက်ကူးသူ သဘင်အစည်းအရုံး(ဗဟို)သို့သွားရောက်တောင်းပန်ပြီး မပြုလုပ်တော့ဟုဝန်ချကတိပြုခဲ့

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြန်မာ့တူရိယာဗုံနှင့်ပတ်မများကို ပြက်ရယ်ပြု စော်ကားနေပြီး အဓိပ္ပာယ်နှစ်ခွသီချင်းစာသားများဖြင့် ဖန်တီးထားတဲ့ ‘ဗုံတီးမယ်’သီချင်းဖန်တီးသူ...

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မြန်မာ့တူရိယာဗုံနှင့်ပတ်မများကို ပြက်ရယ်ပြု စော်ကားနေပြီး အဓိပ္ပာယ်နှစ်ခွသီချင်းစာသားများဖြင့် ဖန်တီးထားတဲ့ ‘ဗုံတီးမယ်’သီချင်းဖန်တီးသူကိုအမှုဖွင့်အရေးယူနိုင်ရေးဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် သဘင်အစည်းအရုံးသို့သွားရောက်ကာ ဝန်ချတောင်းပန်ကတိပြုခဲ့တာဖြစ်ပါတယ်။ဗုံတီးမယ်’သီချင်းဖန်တီးသူ တေးရေး၊တေးဆိုဒါရိုက်တာ “အောင်ပါစေ”(ခေါ်)ဇော်မျိုးအောင်ဟာ မတ်လ(၂၁)ရက်က မြန်မာ နိုင်ငံသဘင်အစည်းအရုံး (ဗဟို) ရုံးသို့ လာရောက်ပြီး သူရဲ့ မှားယွင်းတဲ့တင်ဆက်ရိုက်ကူးမှုအတွက်တောင်းပန်ကာ မြန်မာ့သဘင်ယဉ်ကျေးမှုကိုထိခိုက်စေတဲ့ အပြုအမှုတွေ၊တင်ဆက်မှုတွေမပြုလုပ်တော့လို့ဟု ဝန်ချကတိပြုခဲ့တယ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)မှ ထုတ်ပြန်လိုက်ပါတယ်။


news-view-count-icon

24