ကျိုင်းတုံ-တာချီလိတ်လမ်းတွင် (၁၀)ဘီးကားတိမ်းမှောက်မှု၊ (၁)ဦး သေဆုံး

Mar 21 • 8:03 AM

breaking-news

မြန်မာ

ရှမ်း

cover

ကျိုင်းတုံ-တာချီလိတ်လမ်းတွင် (၁၀)ဘီးကားတိမ်းမှောက်မှု၊ (၁)ဦး သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ-တာချီလိတ်သွားလမ်းပန်ကွဲတောင်အဆင်းတွင် (၁၀)ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်မောင်း (၁)ဦး သေဆုံး၊ (၃)ဦး ဒဏ်ရာရရှိခဲ...

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ-တာချီလိတ်သွားလမ်းပန်ကွဲတောင်အဆင်းတွင် (၁၀)ဘီးကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်မောင်း (၁)ဦး သေဆုံး၊ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။ မိုင်းဇင်းအုပ်စု၊ ပန်လော့ (အထက်)ရွာနတ်စင်ကွေ့၊ မိုင်တိုင်အမှတ် (၄၀၃/၇)နှင့် (၄၀၄/၀) ကြားတွင် မတ် ၂၀ ရက်နေ့ ည ၆:၃၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရသူများကို ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ထားသည်။


news-view-count-icon

11