ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ ပါကေးပြားစက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား (၆၀) ကျော်ကို နစ်နာကြေးမပေးဘဲ တိုင်ချင်ရာတိုင်ဟုဆိုကာ အလုပ်ထုတ်

Mar 20 • 7:43 AM

breaking-news

မြန်မာ

ပြည်ပ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့၊ ဘော်ထောင်ကျေးရွာရှိ ပါကေးပြားစက်ရုံမှ မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၆၀)ကျော်ကို နစ်နာကြေးမပေးဘဲ တိုင်ချင်ရာတိုင်ဟုဆိုကာ မတ် ၁၈ ရက်က အလုပ်မှပစ်ထုတ်ခဲ့ကြောင်း မြန်မာအလုပ်သမားတစ်ဦးထံမှ သိရသည်။အဆိုပါ ပါကေးပြားစက်ရုံသည် မြန်မာလုပ်သား (၉၀၀) ကျော်ဖြင့် လုပ်ငန်းလည်ပတ်‌နေ‌သည့် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး၊ စက်ရုံဘက်က မြန်မာအလုပ်သမား (၆၀) ကျော်အား ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ အလုပ်မှထုတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

5