မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ စီစဉ်သည့် MFF Summer Football Skills Course 2025 (AYA Pay | M21) နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆယ် အခမဲ့ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)၊ မြက်ခင်းတုကွင်းနှင့် MFF Futsal Stadium တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ထို့ပြင် ယနေ့ နံနက်ပိုင်းက မန္တလေးမြို့ရှိ မြန်မာ ဘောလုံးအကယ်ဒမီ (မန္တလေး)တွင်လည်း နွေရာသီ အခြေခံဘောလုံး အခမဲ့သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။ယခုနှစ် နွေရာသီသင်တန်း MFF Summer Football Skills Course 2025 အခမဲ့ သင်တန်းများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပုသိမ် မြို့များတွင် ကျင်းပနေပြီး သင်တန်းသား ၁၄၀၀ ကျော် တက်ရောက်လျက်ရှိသည်။



