ရှမ်းပြည်နယ်၊တောင်ကြီးမြို့တွင် တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းလက်ကောက်အကြမ်းထည် (၆၅၀၀) ကွင်းဖမ်းမိခဲ့

Mar 15 • 4:04 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရှမ်းပြည်နယ်၊တောင်ကြီးမြို့တွင် တရားမဝင်သယ်ဆောင်လာသော ကျောက်စိမ်းလက်ကောက်အကြမ်းထည် (၆၅၀၀) ကွင်းဖမ်းမိခဲ့

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံး ပြည်ထောင်စု လမ်းမကြီးရှိ ၄ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မတ်လ ၁၄ ရက်နေ့က လုံခြုံရေးပူးပေါင်းအဖွဲ့သည...

ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံး ပြည်ထောင်စု လမ်းမကြီးရှိ ၄ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မတ်လ ၁၄ ရက်နေ့က လုံခြုံရေးပူးပေါင်းအဖွဲ့သည် ယာဉ်အဝင်/ထွက်များအား စစ်ဆေး နေစဉ် တောင်ကြီးမြို့ဘက်မှ ဟိုပုံးမြို့ဘက်သို့ ဇေမောင်မောင် ၂၈ နှစ် ၊စဉ့်ကိုင်မြို့နယ်၊မန္တလေး တိုင်းဒေသကြီးနေသူမောင်းနှင်ပြီး ချစ်ဦးမောင် ၂၇နှစ်၊ ကြက်ဆည်ကျေးရွာ၊ မလှိုင်မြို့နယ်၊ မန္တလေး တိုင်းဒေသကြီးနေသူ လိုက်ပါလာသည့် ယာဉ်အမှတ်၊ MGY/4P-4471 (Foton/ခဲရောင်)ယာဉ် အား စစ်ဆေးရာ ယာဉ်ပေါ်မှဂျပ်ဖာ(၇)ဖာနှင့် ကြမ်းခင်းအတွင်း တရားမဝင်သယ်ဆောင် လာသော ကျောက်စိမ်းလက်ကောက်အကြမ်းထည် ၆၅၀၀ ကွင်း၊ အလေးချိန်(၈၀၉) ကီလိုဂရမ်ခန့် သိမ်းဆည်းရမိခဲ့ကြောင်း၊ ဇေမောင်မောင် နှင့် ချစ်ဦးမောင် တို့အားစစ်မေးရာ ၎င်းကျောက်စိမ်းလက်ကောက် အကြမ်းထည်များအား မန္တလေးမြို့မှမိတ္ထီလာ-ယင်းမာပင်-ကလော-တောင်ကြီး လမ်းကြောင်းအတိုင်းမိုင်းရယ်မြို့သို့ ဆက်လက်ပို့ဆောင်ရမည်ဖြစ်ကြောင်း သိရှိရပါတယ်။



news-view-count-icon

15