ယနေ့ မတ်လ (၁၄)ရက် ညပိုင်းအချိန်၌ ONE ၏ ရာပြည့်ပွဲတစ်ခုဖြစ်သည့် ONE Friday Fights -100 ပွဲစဉ်တွင် ထိုင်း ကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်ကို သုံးချီအပြည့်ထိုးနိုင်ခဲ့သော်လည်း ရိုးရာဖိုက်တာ စူပါရေချမ်းမှာ ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ယနေ့ ပွဲစဉ်တွင် ထိုင်းကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်မှာလည်း Knockdown နှစ်ကြိမ်ကျခဲ့သော်လည်း ဒိုင်က အမှတ်စဥ်ရေတွက်ခြင်းမပြုခဲ့သည်ကိုလည်း တွေ့ရသည်။ပွဲစဉ်အပြီးတွင် ရိုးရာဖိုက်တာ စူပါရေချမ်းကို မွေထိုင်းချန်ပီယံ ရော့ထန်က ကြိုးဝိုင်းအတွင်း လာရောက် ဂုဏ်ပြုနှုတ်ဆက်ခဲ့သည်ကိုလည်း တွေ့ရသည်။ရိုးရာဖိုက်တာ စူပါရေချမ်းမှာ ONE ပွဲစဉ်အတွင်း ယခုပွဲစဉ်အပါအဝင် (၃)ထိုး (၂) ပွဲရှုံး (၁)ပွဲနိုင် ရလဒ်ထွက်ပေါ်ထားသူဖြစ်သည်။
ထိုင်း ကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်ကို ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ရိုးရာဖိုက်တာ စူပါရေချမ်း
Mar 14 • 4:47 PM
မြန်မာ
ပြည်တွင်း
မျှဝေမည်
15 | 0 | 0 | 0 |