ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တွင် မဟာရွှေတြိဂံဂေါက်ကွင်းဘေး တွင် ဖွင့်ထားသည့် တာချီလိတ်ညဈေး တွင် ဈေးသည်များ ဂေါက်သီးထိမှန်မှု ကြောင့် အန္တရာယ်ရှိနေသည်။မတ် ၁၃ ရက်ညနေပိုင်းတွင် အမျိုးသမီးတစ်ဦး၏ ခြေထောက်ကို ဂေါက်သီးထိမှန်ခြင်း ဖြစ်ပွားခဲ့ပြီး ယခင်ကလည်း (၅)ကြိမ်တိတိ ဈေးသည်များ ဂေါက်သီးထိမှန်မှုများ ကြုံတွေ့ခဲ့ရသည်။ညဈေးသည်များအနေဖြင့် ဂေါက်ကွင်းဘက်မှ အန္တရာယ်ကို ထိန်းချုပ်ရေးနှင့် တာဝန်ယူမှု မရှိခြင်း ကို ဝေဖန်လျှက်ရှိပြီး ဈေးကောင်းမှုမရှိသည့်အပြင် ဂေါက်သီးထိမှန်မှုများနှင့် မြွေထွက်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။
တာချီလိတ်ညဈေးရှိ ဈေးသည်များ ဂေါက်သီးထိမှန်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရ
Mar 14 • 9:32 AM
မြန်မာ
ရှမ်း
မျှဝေမည်
9 | 0 | 0 | 0 |