ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ဥဿဖုရားလမ်း တွင် မတ် ၁၄ ရက် နေ့လည် ၁၂ နာရီခန့် ကိုင်းတောမီးလောင်မှု ဖြစ်ပွားခဲ့သည်။ မီးသတ်ဌာနများမှ မီးသတ်ယာဉ်(၆)စီးနှင့် ရေသယ်ယာဉ်(၁)စီး ဖြင့် မီးငြိမ်းသတ်ခဲ့ပြီး ၁၂:၂၆ နာရီတွင် မီးထိန်းနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနက ထုတ်ပြန်သည်။



