၂၀၂၁ နောက်ပိုင်းမှစပြီး မန္တလေးမြို့တွင် KTV၊ ဘားနှင့်ကလပ်များ အရင်နှစ်များထက် တဖြည်းဖြည်း တိုးလာသည်ဟု ဒေသခံများကဆိုသည်။ အထူးသဖြင့် ၂၀၂၂ နောက်ပိုင်းကစတင်၍ မြို့အနယ်နယ်အရပ်ရပ်တွင် တိုးချဲ့ဖွင့်လှစ်လာကြောင်း၊ မြို့လယ်ခေါင်ရှိ ဟိုတယ်ခေါင်မိုးပေါ်များတွင်ပင် တွေ့ရှိနိုင်သည်။ တစ်နာရီနှုန်းကျပ် ၈,၀၀၀ မှ ၁၅,၀၀၀ အထိကျသင့်နိုင်ပြီး၊ Package အလိုက် ကျပ်သိန်းချီသုံးစွဲကြရသည်။ ၂၀၂၁ မတိုင်မီတွင် KTV၊ ဘား၊ ကလပ်ပေါင်း ၁၀၀ ကျော်သာရှိသော်လည်း လက်ရှိတွင် ၂၀၀ ကျော်ရှိနိုင်ကြောင်း သတင်းအရင်းအမြစ်များကဖော်ပြသည်။
မန္တလေးတွင် KTV၊ ဘားနှင့်ကလပ်များ တိုးလာမှု မြင်သာ
Mar 14 • 8:10 AM
မြန်မာ
မန္တလေး
မျှဝေမည်
6 | 0 | 0 | 0 |