ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိုင်ကယ်ဖြင့် လုယက်မှုများ မကြာခဏဖြစ်ပွားနေခြင်းကြောင့် ဆိုင်ကယ်ငှားစီးသူ နည်းပါးလာရာ ကယ်ရီသမားများ ရပ်တည်ရေးအခက်အခဲဖြစ်လာကြောင်း သိရသည်။ ခရီးသည်များက လုံခြုံရေးကို စိုးရိမ်သောကြောင့် ယခင်ကထက် ဆိုင်ကယ်ငှားစီးမှုလျော့နည်းလာပြီး ကယ်ရီခဈေးနှုန်းမြင့်တက်လာခြင်းကြောင့်လည်း လမ်းလျှောက်ခြင်းနှင့် ဘေးတွဲစီးခြင်းကိုသာ ရွေးချယ်လာကြသည်။ ထို့အပြင် ကယ်ရီဂိတ်များတွင် ကယ်ရီသမားဦးရေ ပိုမိုများပြားလာခြင်းကြောင့် အခေါက်ရေနည်းပါးပြီး ဝင်ငွေမလုံလောက်မှုကြောင့် အခြားအလုပ်များပါ တွဲဖက်လုပ်ကိုင်လာကြရကြောင်း ကယ်ရီသမားများက ပြောသည်။
ပြည်တွင်းဆိုင်ကယ်ငှားစီးသူနည်းလာခြင်းက ကယ်ရီသမားများရပ်တည်ရေးကို အခက်ခဲဖြစ်စေ
Mar 09 • 4:16 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
14 | 0 | 0 | 0 |