ပြည်တွင်း နာနတ်လျှော် စိုက်ပျိုးမှုအတွက် မြေနေရာဖော်ထုတ်ပေးမည်

Mar 02 • 8:56 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း နာနတ်လျှော် စိုက်ပျိုးမှုအတွက် မြေနေရာဖော်ထုတ်ပေးမည်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီးပွားဖြစ် နာနတ်လျှော်စိုက်ပျိုးလိုသူများကို မြေလွတ်၊ မြေရိုင်းများ ရရှိနိုင်ရန် ကူညီပံ့ပိုးမည်။ လယ်ယာမြေလ...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီးပွားဖြစ် နာနတ်လျှော်စိုက်ပျိုးလိုသူများကို မြေလွတ်၊ မြေရိုင်းများ ရရှိနိုင်ရန် ကူညီပံ့ပိုးမည်။ လယ်ယာမြေလုပ်ပိုင်ခွင့်ဥပဒေနှင့်အညီ လျှောက်ထားသူများကို ခွင့်ပြုရန် စီစဉ်ထားသည်။ နာနတ်လျှော်သည် ပူပြင်းပြီး မိုးနည်းသောဒေသများတွင် အထွက်ကောင်း၍ တရုတ်ဈေးကွက်သို့ တင်ပို့လျှက်ရှိသည်။ ထုတ်ကုန်များကို စက္ကူမွှေ့ရာ၊ ကော်ဇော၊ လက်မှုပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပြီး အစိုးရမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်သွားမည်။


news-view-count-icon

17