ထိုင်းနိုင်ငံရှိ MOU လုပ်သား ၁၆ ဦး လုပ်ခနဲ့နစ်နာကြေးများအမှုနိုင် ၍ ပြန်ရ

Mar 01 • 7:19 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံရှိ MOU လုပ်သား ၁၆ ဦး လုပ်ခနဲ့နစ်နာကြေးများအမှုနိုင် ၍ ပြန်ရ

ထိုင်းနိုင်ငံ ပုထုံဌာနီခရိုင်၊အာယုဒ္ဒရာ၊နခွန်ချိုင်မြို့ ၊ SPX Express ပစ္စည်းပါကင်ပိတ် အလုပ်ရုံမှာလုပ်ကိုင်ပြီး လုပ်အားခနဲ့အလုပ်သမားခွင့်ရေး ချိုးဖောက်ခံခဲ့ရတဲ...

ထိုင်းနိုင်ငံ ပုထုံဌာနီခရိုင်၊အာယုဒ္ဒရာ၊နခွန်ချိုင်မြို့ ၊ SPX Express ပစ္စည်းပါကင်ပိတ် အလုပ်ရုံမှာလုပ်ကိုင်ပြီး လုပ်အားခနဲ့အလုပ်သမားခွင့်ရေး ချိုးဖောက်ခံခဲ့ရတဲ့ မြန်မာ MOU လုပ်သား ၁၆ ဦး ရဲ့ လုပ်ခနဲ့နစ်နာကြေးတွေပြန်လည်ရရှိပြီဖြစ်တယ်လို့ WAGအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ကသိရပါတယ််။အလုပ်သမားတွေရဲ့ လုပ်အားခနဲ့လုပ်သမားခွင့်ရေး ချိုးဖောက်ခံရပြိး ကျန့်အော်ပြန်လည်ရရှိဖို့ရာ WAG လုပ်သမားကူညီစောင့်ရှောက်ရေးဖွဲ့ကနေ အလုပ်သမားတွေနဲ့အတူ နယ်မြေခံ ဆဝါဒီကန်ရုံး မှာ ဖေဖော်ဝါရီ ၂၅ ရက်က သွားရောက် အမှုဖွင့်တိုင်ကြားခဲ့တာမှာ ဖေဖော်ဝါရီ ၂၈ ရက်က လုပ်သမားတဦးလုပ်ခ ဘတ်ငွေ ၅၅၀၀ ဘတ်နဲ့အတူ ၊ ကြိုတင်မပြောဘဲ အလုပ်ထုတ်တာအတွက်နစ်နာကြေးငွေ ဘတ် ၈၅၀၀ အတွက် လုပ်သမား ၁၆ ဦးစုစုပေါင်း ဘတ်ငွေ ၂၂၄ ၀၀၀ ပြန်လည်ရရှိခဲ့ပြီး ဖြစ်သလို အလုပ်သမား ၁၆ ဦးရဲ့ ကျန့်အော်တွေကိုလည်း ၃ လပိုင်းမှာ ပြန်လည်ရရှိမှာဖြစ်ပါတယ်။




news-view-count-icon

15