တရုတ်ထုတ်မုန့်များမှာ အသွင်ဒီဇိုင်းမျိုးစုံဖြင့် ပြည်တွင်းစျေးကွက်သို့ လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင် လောက် ကတည်းက ထိုးဖောက်ဝင်ရောက်လာမှုရှိပြီး ပုံစံဒီဇိုင်းဆန်းကာ စိတ်ဝင်စားဖွယ်ရာဖြစ်နေခြင်းကြောင့် ကလေးများအများဆုံး ဝယ်ယူလေ့ရှိကြောင်း၊ နောက်ပိုင်းတွင် လူကြီးများလည်း ဝယ်ယူမှုရှိပြီး အရောင်အသွေး စုံကာ အရုပ်ပုံစံမျိုးစုံဖြင့် ထုတ်လုပ်ထားသည့် တရုတ်ထုတ်ဂျယ်လီမုန့်များမှာ စျေးကွက်အတွင်း လူကြီးများလည်း နှစ်သက်သည့်မုန့်မျိုး ဖြစ်လာခဲ့ကြောင်း သိရသည်။



