ထိုင်းနိုင်ငံရဲ့ မီးရထားဌာန (SRT) မှ သက်တမ်း ၁၂၈ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ရေနွေးငွေ့ ရထားနဲ့ ဘန်ကောက် ကနေ အယုဒ္ဒယကို ပြေးဆွဲမယ့် အထူး ခရီးစဉ်ကို ပြေးဆွဲမှာဖြစ်ပါတယ်။၂၀၂၅ခုနှစ်ရဲ့မတ်လ ၂၆ ရက်နေ့မှာ တစ်ရက်ကြာ ရထားခရီးစဉ်ကို ပြုလုပ်ပေးမှာ ဖြစ်ပြီး ဂျပန်ရဲ့ Nippon Sharyo က ၁၉၄၉ ခုနှစ်နဲ့ ၁၉၅၀ ခုနှစ်မှာ အသီးသီး တည်ဆောက်ခဲ့တဲ့ နံပါတ် ၈၂၄ နဲ့ နံပါတ် ၈၅၀ ရေနွေးငွေ့ရထားတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ အဲဒီရထားတွေကို ပုံမှန်အားဖြင့် Bangkok Noi Traing Station လို့ ခေါ်တဲ့ Thonburi Locomotive Depot မှာ ထားရှိထားတာ ဖြစ်ပါတယ်။ ရထားဟာ Hua Lamphong ဘူတာရုံ ကနေ နံနက် ၈ နာရီ ၁၀ မိနစ်မှာ ထွက်ခွာမှာ ဖြစ်ပြီး အယုဒ္ဒယ ဘူတာရုံကို နံနက် ၁၀ နာရီ ၂၀ မိနစ်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။ ခရီးသွားတွေဟာ ရှေးဟောင်းမြို့တော်မှာ လည်ပတ်ဖို့ အချိန် ၆ နာရီ ရရှိမှာပါ။ ရထားဟာ ညနေ ၄ နာရီ ၄၀ မိနစ်မှာ ပြန်လည်ထွက်ခွာမှာ ဖြစ်ပြီး ဘန်ကောက်ကို ညနေ ၆ နာရီ ၅၀ မိနစ်မှာ ရောက်ရှိမှာပါ။ Bang Sue နဲ့ Rangsit ဘူတာရုံတွေမှာ ရထားရပ်ပေးမယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ မီးရထားဌာနရဲ့ သက်တမ်း ၁၂၈ နှစ်မြောက် အထိမ်းအမှတ် အဖြစ် ရေနွေးငွေ့ ရထားနဲ့ ဘန်ကောက်မှအယုဒ္ဒယကို အထူး ခရီးစဉ် ပြေးဆွဲမည်
Feb 27 • 2:04 AM
မြန်မာ
ပြည်ပ
မျှဝေမည်
26 | 0 | 0 | 0 |