စစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့ရှိမြနှင်းဆီဆိုင်ကယ်ကုမ္ပဏီအရောင်းဆိုင်အားဖေဖော်ဝါရီ(၂၃)ရက်နေ့ဥာဥ့်အချိန်ခန့်ကဖောက်ထွင်းခံရပြီးဆိုင်ကယ်(၁၃)စီးခိုးယူပျောက်ဆုံး
ခဲ့ကြောင်းသက်ဆိုင်ရာမှသိရသည်။အဆိုပါဆိုင်ကယ်များဖောက်ထွင်းခိုးယူခံမှုအားနံက်ပိုင်းဆိုင်ဖွင့်ချိန်မှသိရှိခဲ့ရ၍ဆိုင်ပိုင်ရှင်မှနယ်မြေခံရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့ပြီး
ခိုးယူခံရသည့်ဆိုင်ကယ်များမှာKENBO. CANDA. YAMAHA MIOCPM အမျိုးအစားများဖြစ်ကြောင်းသိရသည်။ဖောက်ထွင်းခိုးယူသူအမျိုးသား(၂)ဦးအမျိုးသမီး(၁)ဦးတို့အားဖောက်ထွင်း ခိုးယူခံရသောဆိုင်ကယ်(၇)စီးနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။