ရှမ်းရှေ့သို့ အကြောင်းအမျိုးမျိုးကြောင့်ရော်ဘာခြံ အလုပ်သွားလုပ်ကြသူများ စားဝတ်နေရေး အဆင်မပြေမှု ကြုံတွေ့နေရကြောင်းသိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း နေထိုင်ကြသူများ အလုပ်အကိုင် အဆင်မပြေမှုကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရော်ဘာခြံတွင် အလုပ်လုပ်ကိုင်ရန် သွားကြသူများ ယခုအချိန်မှာ စားဝတ်နေရေး ခက်ခဲမှု ကြုံတွေ့နေရကြောင်း ဖေဖော်ဝါရီ(၂၅)ရက်မှာ စုံစမ်းသိရသည်။"ဒီနှစ်က လူတအားများလာတယ်။ ရခိုင်ပြည်ကလူတွေ၊ မြန်မာပြည်အောက်ဖက်ကလူတွေ၊ ရှမ်းမြောက်၊တောင်က လူတွေ ဒီမှာပဲ လာစုသလို ဖြစ်တော့။ အလုပ်ရှာရခက်လာတယ်။ ရော်ဘာခြံလည်း အဆက်သွယ်ကောင်းမရှိသူဆို အခုထိမရသေးတာ တပုံကြီး။ တစ်ရက်တစ်ရက် အလုပ်ရှာနေရတာနဲ့ ပါလာသမျှအကုန်ကုန်ပြီး စားဖို့တောင် မရှိတော့ဘူး။ ဒီမှာက တရုတ်ယွမ်နဲ့ လခပေးတော့ မြန်မာငွေနဲ့ ပြန်လဲပြီး အိမ်ပို့ရင် နည်းနည်းခံသာတယ် ပြောရမှာပေါ့”ဟု ရှမ်းရှေ့ အလုပ်သွားလုပ်သူ တစ်ဦးကပြောသည်။
ရှမ်းရှေ့သို့ ရော်ဘာခြံအလုပ်သွားလုပ်ကြသူများ စားဝတ်နေရေး အဆင်မပြေမှု ကြုံတွေ့နေရ
Feb 25 • 7:42 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
6 | 0 | 0 | 0 |