အင်းတကော်မြို့မှာ သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းနဲ့ မေမြတ်နိုးခင်တို့ လိုက်ပါလာတဲ့ ကား တစ်စီးဟာ ယာဥ်တိုက်မှုဖြစ်ပွားပြီး ခြေ၊လက်ကျိုးပဲ့ဒဏ်ရာတွေရကြလို့ အရေးပေါ်ဆေးရုံတင်ထားရ

Feb 25 • 1:35 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အင်းတကော်မြို့မှာ သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်းနဲ့ မေမြတ်နိုးခင်တို့ လိုက်ပါလာတဲ့ ကား တစ်စီးဟာ ယာဥ်တိုက်မှုဖြစ်ပွားပြီး ခြေ၊လက်ကျိုးပဲ့ဒဏ်ရာတွေရကြလို့ အရေးပေါ်ဆေးရုံတင်ထားရ

ဖေဖော်ဝါရီ၂၄ရက်၊ ညနေပိုင်းက ကိုစိုင်းသီဟန် မောင်းနှင်ပြီး ဓာတ်ပုံဆရာအောင်သူအောင်၊ သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်း၊ မေမြတ်နိုးခင်တို့ လိုက်ပါလာတဲ့ Toyota Mark II...

ဖေဖော်ဝါရီ၂၄ရက်၊ ညနေပိုင်းက ကိုစိုင်းသီဟန် မောင်းနှင်ပြီး ဓာတ်ပုံဆရာအောင်သူအောင်၊ သရုပ်ဆောင် မေတ္တာမြင့်မြတ်ဟိန်း၊ မေမြတ်နိုးခင်တို့ လိုက်ပါလာတဲ့ Toyota Mark II အဖြူရောင်ယာဉ်ဟာ ပဲခူးဘက်ကနေ ရန်ကုန်ဘက် မောင်းနှင်လာချိန် အင်းတကော်မြို့၊ အမှတ်(၆) ရပ်ကွက်၊ မိုင်တိုင် ၁၆/၁ နဲ့ ၁၆/၂ ကြားအရောက်မှာ လမ်းဖြတ်ကူးသူ ရှောင်ပြီး လမ်းယာဘက် ယာဉ်ကို ဆွဲချချိန် လမ်းယာဘက်ဘေး ရပ်ထားတဲ့ FOTON အမျိုးအစား၊ ခြောက်မူးသံလုံး တင်ထားတဲ့ယာဉ်ကို နောက်ဘက်ကနေ ဝင်တိုက်မှုဖြစ်ပွားခဲ့တာလို့ ပဲခူးမြို့ခံနိုင်ငံပိုင်သတင်းဌာနမှာ သတင်းရေးသားသူ သက်ဖြိုးကြိုင်က လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကိုစိုင်းသီဟန် ညာလက်မောင်း ပေါက်ပြဲဒဏ်ရာ ၊ ညာခြေထောက် ကျိုးဒဏ်ရာ၊ အောင်သူအောင်မှာ ဝဲဘက်လည်ပင်း ပွန်းခြစ်ဒဏ်ရာ၊ ရင်ညွန့်အောင့်ဒဏ်ရာ၊ မေတ္တာမြင့်မြတ်ဟိန်းမှာ ခါးပွန်းပဲ့ဒဏ်ရာ၊ တင်ပါးပွန်းခြစ်ဒဏ်ရာ၊ မေမြတ်နိုးခင်မှာ နှာခေါင်းသွေးထွက်၊ ဝဲဘက်လက် မောင်းကျိုးဒဏ်ရာ၊ ဝဲ/ယာ ခြေမပွန်းခြစ်ဒဏ်ရာတို့ရရှိခဲ့ပြီး Toyota Mark II ယာဉ်မှာလည်း ဦးခေါင်းရှေ့ခြမ်းတစ်ခုလုံး ကြေမွပျက်စီးခဲ့ပြီး ဒဏ်ရာရရှိသူလေးဦးဟာ ပဲခူးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။



news-view-count-icon

23