ပဲခူးတိုင်း တောင်ငူမြို့အထွက်တွင် ကန်ရိုးရွာအနီးမှာ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ၁၂ ဘီးကား နှစ်စီး မတော် တဆ ကားတိုက်မှုဖြစ်ခဲ့တဲ့အတွက် ယာဉ်မောင်းတစ်ဦး လက်မောင်းဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးထံမှ သိရပါသည်။ကားနှစ်စီးထဲမှာ တစ်စီးကမတ်ပဲများ သယ်ဆောင်လာပြီး ရန်ကုန်ဘက်ကမောင်းလာတာ ဖြစ်ပြီး ကျန်တဲ့တစ်စီးကတော့ စားသောက်ကုန်တွေကို သယ်ဆောင်လာကာ မန္တလေး ဘက်မှမောင်းလာတဲ့ ကားဖြစ်တယ်လို့ သိရပါသည်။



