ဖေဖော်ဝါရီ ၁၉ ရက်နေ့ စင်ကာပူသို့ပျံသန်းမယ့် MAI လေကြောင်းလိုင်းဟာ မိနစ် ၄၀ ကြာပျံသန်းပြီးမှ စက်ချို့ယွင်းလို့ဆိုကာ ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့တာပါ။အဆိုပါဖြစ်စဥ်တွင်ပါဝင်ခဲ့တဲ့မိတ်ကပ်ပညာရှင်ညီညီမောင်(စမ်းချောင်း)ကတော့ ဘုရား ၊ တရား ၊ မိဘ လုပ်ကျွေးတဲ့ ကျေးဇူးတွေကြောင့် ကံကောင်းခဲ့တယ်လို့ဆိုပါတယ်။ လေယာဉ်ဘယ်ဘက်တောင်ပံမှာ ပြဿနာဖြစ်နေတာဖြစ်ပြီး ပြန်အဆင်းမှာလည်း ဆီကုန်အောင် ပတ်မောင်းပြီးမှ ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။ လေယာဉ်မောင်၊ မယ် အငယ်တန်းနှစ်ယောက်ဟာ အဆိုပါအခြေအနေကြောင့် ယောက်ယက်ခတ်နေကြပြီး မျက်နှာလည်း ပျက်နေကြတော့ သူ့အနေနဲ့ ပိုကြောက်ရွံခဲ့တယ်လို့ဆိုပါတယ်။ ကျွမ်းကျင်တဲ့ လေယာဉ်မှူးကြီးကြောင့် အသက်ပေါင်းများစွာ ဘေးမသီရန်မခပဲ ကယ်လိုက်နိုင်တာဖြစ်တယ်လို့လည်း ညီညီမောင်က မီဒီယာမှတစ်ဆင့်ပြောပြထားပါတယ်။
စင်ကာပူသို့ ပျံသန်းသည့် လေယာဉ် မိနစ် ၄၀ ကြာပျံသန်းပြီးမှ စက်ချို့ယွင်းလို့ ရန်ကုန်လေဆိပ်သို့ ပြန်လည်ဆင်းသက်ရမှုတွင် မိတ်ကပ်ပညာရှင်ညီညီမောင်(စမ်းချောင်း) စီးနင်းပါဝင်ခဲ့
Feb 22 • 1:44 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


