ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့ ရှေးဟောင်းသမိုင်း ဝင် ရွှေဥမင် သဘာဝလိုဏ်ဂူတော်ဘုရား ဗုဒ္ဓပူဇနိယပူဇော်ပွဲ(တပေါင်းပွဲတော်)ကို မတ်လ ၈ ရက် (တပေါင်းလဆန်း ၁၀ ရက်မှ မတ်လ ၁၃ ရက် (လပြည့်နေ့)အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ဗုဒ္ဓပူဇနိယပူဇော်ပွဲ(တပေါင်းပွဲတော်)တွင် ဓနုဒေသနေ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ပလောင်၊ ရှမ်း၊ အင်းသား၊ ဗမာ စသည့် တိုင်းရင်းသားများက ရွှေဥမင်သဘာဝလိုဏ်ဂူတော်အ တွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော် ၈,၀၉၄ ဆူကို ဆွမ်းခဲ ဖွယ်ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခြင်း၊ ပန်း၊ ရေချမ်း၊ ဆီ မီးများထွန်းညှိပူဇော်ခြင်း၊ နဝကမ္မ အလှူတော်ငွေများ ဆက် ကပ်လှူဒါန်းခြင်း၊ ဓနုဒေသ ပင်းတယမြို့နယ်လုံးကျွတ် သံ ဃာတော်များ၊ ရပ်နီးရပ်ဝေးမှ သံဃာတော်များအား အရုဏ် ဆွမ်းဆက်ကပ်ခြင်းနှင့် ဆွမ်းဆန်စိမ်းများ လောင်းလှူခြင်း စ သည်တို့ကို ဆောင်ရွက်သွားမည်သည်။



