မန္တလေးကျောက်မျက်ရတနာဈေးကွက်တွင် Wechat အသုံးပြုပြီး ကျောက်အရောင်းအဝယ်ပြုလုပ်ရာတွင် လိမ်လည်မှုများအများအပြားရှိလာကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များကပြောကြားသည်။ Covid-19 ကာလအတွင်း တရုတ်နိုင်ငံမှ အွန်လိုင်းအရောင်းလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာခဲ့ပြီး၊ လက်ရှိတွင် Wechat အသုံးပြု၍ အရောင်းအဝယ်ပြုလုပ်နေသူ ၃,၀၀၀ ကျော်ရှိပြီး ၅၀ ရာခိုင်နှုန်းကျော်တွင် လိမ်လည်မှုများရှိနေသည်ဟု အဆိုပြုပါသည်။



