ထိုင်းနိုင်ငံ၊ ချာချင်ဆောင် ဆွယ်(၈) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသောမြန်မာဆောက်လုပ်ရေးလုပ်သား ၂၃ ဦး လုပ်ခမပေးဘဲ အလုပ်ထုတ်

Feb 21 • 6:34 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထိုင်းနိုင်ငံ၊ ချာချင်ဆောင် ဆွယ်(၈) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသောမြန်မာဆောက်လုပ်ရေးလုပ်သား ၂၃ ဦး လုပ်ခမပေးဘဲ အလုပ်ထုတ်

ထိုင်းနိုင်ငံ၊ ချာချင်ဆောင် ဆွယ်(၈) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၃ ဦးကို အလုပ်ရှင်မှ လုပ်အားခ မပေးဘဲ အလုပ်ထုတ်ခဲ့သည်ဟု WAG အ...

ထိုင်းနိုင်ငံ၊ ချာချင်ဆောင် ဆွယ်(၈) ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၃ ဦးကို အလုပ်ရှင်မှ လုပ်အားခ မပေးဘဲ အလုပ်ထုတ်ခဲ့သည်ဟု WAG အလုပ်သမားမဟာမိတ်အဖွဲ့က သိရသည်။အလုပ်သမားများသည် CI စာအုပ်ကိုင်ဆောင်ထားသူများဖြစ်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ၈ လကျော်အချိန်ကာလပတ်လုံးလုပ်ကိုင်နေကြသည်။ အလုပ်သမားများ၏ လုပ်ခလစာ (ဘတ် ၁၃,၀၀၀) ရရှိရန် မပေးဘဲ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အလုပ်ထုတ်ခံရကြောင်း ပြောဆိုခဲ့ကြသည်။ယခုလ ၂၀၂၅ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၄ ရက်အထိ လုပ်ခမပေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် WAG နှင့်အတူ အလုပ်သမားများသည် လုပ်ခပြန်ရရန် နယ်မြေခံ ဆဝါဒိကန်ရုံးသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။


news-view-count-icon

9