တာချီလိတ်မှ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားရန် နယ်စပ်ဖြတ်သန်းလက်မှတ် ထုတ်ယူရာတွင် လဝက ဝန်ထမ်းများက အကြောင်းအမျိုးမျိုးပြ၍ ဘတ်(၁၀၀) မှ (၃၀၀)အထိ ငွေတောင်းခံနေ ကြောင်း သိရသည်။အထူးသဖြင့် စမတ်ကတ်မရှိခြင်း၊ ပထမဦးဆုံးသွားခြင်း၊ စာရင်းသွင်းခြင်း စသည့် အကြောင်းပြချက်များဖြင့် ထပ်တိုးကောက်ခံမှုများ ပြုလုပ်နေ ကြောင်း ပြည်သူများက ပြောဆိုသည်။ ယခင်က တစ်ကြိမ်မျှ မသွားဖူးသူများထံ ဘတ်(၂၀)သာ ကောက်ခံခဲ့သော်လည်း ယခုအခါ ဘတ်(၁၀၀)တောင်းခံလာခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားတွင် လဝက ဝန်ထမ်းများက ပြည်သူ့ဝန်ဆောင်မှု အကောင်းဆုံးပေးရန် ညွှန်ကြားထားသော်လည်း အောက်ခြေဝန်ထမ်းများမှ လိုက်နာမှုမရှိဘဲ အတင်းအဓမ္မငွေတောင်းခံမှုများ ဆက်လက်ရှိနေ ကြောင်း သိရှိရသည်။
တာချီလိတ်မြို့တွင် မယ်ဆိုင်သို့ သွားရန် လဝကမှ ငွေတောင်းခံမှုများရှိနေ
Feb 21 • 12:57 AM
မြန်မာ
ရှမ်း
မျှဝေမည်
15 | 0 | 0 | 0 |