ဧရာဝတီတိုင်းဒေသကြီး၊ကျုံမငေးမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် သုံးစီးဖမ်းဆီးရမိခဲ့

Feb 20 • 7:15 AM

breaking-news

မြန်မာ

ဧရာ၀တီ

breaking-news
cover

ဧရာဝတီတိုင်းဒေသကြီး၊ကျုံမငေးမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် သုံးစီးဖမ်းဆီးရမိခဲ့

ဖေဖော်ဝါရီ ၁၈ ရက်တွင်ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ က...

ဖေဖော်ဝါရီ ၁၈ ရက်တွင်ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျုံမငေးမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၂၅၀,၀၀၀) ကိုလည်းကောင်း၊ ပုသိမ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၌ လိုင်စင်မဲ့ Toyota Crown မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅,၀၀၀,၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၆,၂၅၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။



news-view-count-icon

10