ရန်ကုန်မြို့ရှိ ရပ်ကွက်ဈေးများတွင် ယနေ့ ကြက်ဥနှင့် ဘဲဥဈေးနှုန်းများသည် ပုံမှန်အတိုင်းရှိနေသည်။ ကြက်ဥသည် အသေးဆုံးတစ်လုံး ၃၆၀ ကျပ်မှ ၄၅၀ ကျပ်အတွင်း ရောင်းချနေပြီး၊ ဘဲဥသည် ၄၀၀ ကျပ်မှ ၆၅၀ ကျပ်အတွင်းရှိသည်။ ဆေးဘဲဥ တစ်လုံး ၈၀၀ ကျပ်၊ ငုံးဥ ၁၀ လုံး ၁,၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။ ဒိုင်ဈေးများတွင်လည်း ကြက်ဥ ၁၆ ကီလိုဂရမ် ၃၀၀ ကျပ်မှ ၂၀ ကီလိုဂရမ် ၃၇၀ ကျပ်အတွင်း၊ ဘဲဥ ၁၉ ကီလိုဂရမ် ၃၆၀ ကျပ်မှ ၂၁ ကီလိုဂရမ် ၄၄၀ ကျပ်အတွင်းရှိသည်။ ဆေးဘဲဥပင်ရင်းဈေး တစ်လုံး ၆၀၀-၆၅၀ ကျပ်ဖြင့်၊ ငုံးဥ ၁,၀၀၀ လုံး ၆၅,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေပြီး ဈေးကွက်အခြေအနေသည် ပုံမှန်အတိုင်းရှိနေသည်။



