မန္တလေးသို့လာသည့်ဘုရားဖူးများမှာနာမည်ကြီး ဘုရားပုထိုးများသို့သာအဓိကဝင်ရောက်ဖူးမြှော်နေကြ

Feb 18 • 6:31 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးသို့လာသည့်ဘုရားဖူးများမှာနာမည်ကြီး ဘုရားပုထိုးများသို့သာအဓိကဝင်ရောက်ဖူးမြှော်နေကြ

မန္တလေးမြို့မှာ သမိုင်းဝင်ရှေးဟောင်းသာသနိကနေရာအများအပြားရှိသော်လည်း၊ ဘုရားဖူးခရီးသွား အများစုက လူသိများထင်ရှားသောဘုရားပုထိုးစေတီများသို့သာ ဝင်ရောက်ဖူးမြှော်လေ့ရ...

မန္တလေးမြို့မှာ သမိုင်းဝင်ရှေးဟောင်းသာသနိကနေရာအများအပြားရှိသော်လည်း၊ ဘုရားဖူးခရီးသွား အများစုက လူသိများထင်ရှားသောဘုရားပုထိုးစေတီများသို့သာ ဝင်ရောက်ဖူးမြှော်လေ့ရှိကြောင်း သိရသည်။“ဘုရားဖူးအများစုက ဘုရားကြီး၊ ကုသိုလ်တော်၊ စန္ဒာမုနိ၊ ကျောက်တော်ကြီးဘုရားနှစ်ဆူ ဒါတွေ လောက် ပဲသွားကြလည်ကြဘုရားဖူးကြတာများတယ်၊မန္တလေးမှာ တခြားရှေးဟောင်းနေရာတွေ တစ်ပုံ ကြီးရှိသေးတယ်၊ ဒါပေမယ့် အများစုက ပုံမှန်သွားလာနေကျနေရာလောက်ပဲသွားကြလာကြတာများတယ်” ဟု ဒေသခံတစ်ဦး ကပြောသည်။မန္တလေးမြို့သို့လည်ပတ်ကြသူများအများစုမှာ၊ ခေတ်အဆက်ဆက်မှ ယနေ့အထိတိုင်အောင် ထင်ရှားသည့်စေတီပုထိုးများသို့သာ ဝင်ရောက်ဖူးမြှော်လေ့ရှိကြသည်။“ရှေးဟောင်းအဆောက်အဦတွေအများကြီးရှိတယ်၊ ဘုရားပုထိုးတွေထဲမှာဆိုရင် တောင်မင်းကြီးဘုရားတို့ ပုထိုးတော်ကြီးဘုရားတို့ဆိုရင်လည်း နှစ်ပေါင်းရာနဲ့ချီရှိနေပြီ၊ ဘုရား(ပရဝုဏ်)ထဲမှာစိတ်ဝင်စားဖွယ်ရာတွေ အများကြီးရှိတယ် ဒါပေမယ့် အတော်များများက မန္တလေးလာလည်ရင် အဲဒီနေရာတွေသွားတာနည်းတယ်၊ ဘုရားကြီးနဲ့ မန္တလေးတောင်ဝန်းကျင်လောက်ပဲလည်ပတ်ကြတာ၊ တကယ်က မန္တလေးမှာ လည်ပတ်ဖူးမြှော်စရာဘာသာရေး နေရာတွေအများကြီးရှိတယ်” ဟု ဒေသခံစာရေးဆရာတစ်ဦးကဆိုသည်။မန္တလေးမြို့နန်းတည်ထောင်မှုနှင့်အတူပါရှိခဲ့သောဘုရားပုထိုးစေတီများအပြင် မြို့နန်း မတည်ထောင်ခင်ကတည်းက ရှိနေခဲ့သည့်သာသနိကအဆောက်အဦး စုစုပေါင်း(၁၀၀)ထက်မနည်းရှိကြောင်းသိရသည်။




news-view-count-icon

21