ရွှေတစ်ကျပ်သားကို အရင်က ၁၆ ဒဿမ ၆၀၆ ဂရမ်နဲ့ အရောင်းအဝယ်လုပ်ခဲ့ရာကနေ အခုအခါမှာတော့ ၁၆ ဒဿမ ၃၂၉၃ ဂရမ်နဲ့ အရောင်းအဝယ်လုပ်ဖို့ ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းကသိရပါသည်။ဂရမ်ချိန် ပြောင်းလဲလိုက်တဲ့အတွက်နိုင်ငံတကာစျေးကွက်နဲ့ တူညီသွားပြီး၊ ရွှေရောင်းဝယ်ရေးအနေနဲ့ရော စျေးကွက်အနေနဲ့ပါကမ္ဘာကိုစတင် ထိုးဖောက်လိုက်တာဖြစ်တယ်လို့ဆိုပါသည်။အရင် အသုံးပြုတဲ့ ၁၆ ဒဿမ ၆၀၆ ဂရမ်ဟာအရပ်သုံးအနေနဲ့သာဖြစ်ပြီး လက်ရှိ ပြောင်းလဲအသုံးပြုလိုက်တဲ့ ၁၆ ဒဿမ ၃၂၉၃ ဂရမ်ဟာ ကမ္ဘာ့နိုင်ငံတွေနဲ့တပြေးညီအလေးချိန်ဖြစ်လို့ နိုင်ငံတကာမှာရောင်းလို့ရတဲ့အခြေအနေ ဖြစ်လာကာရောင်းချသူတွေအနေနဲ့လည်း ရွှေအလေးချိန်တိုးလာတဲ့အတွက် အမြတ်အစွန်းပိုမိုရရှိစေနိုင်တယ်လို့ဆိုပါသည်။



