ကျိုက်မရောမြို့နယ် ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော် ကျင်းပပြုလုပ်

Feb 16 • 10:04 AM

breaking-news

မြန်မာ

မွန်

cover

ကျိုက်မရောမြို့နယ် ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော် ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပူအင်းကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်ကို ဖေဖော်ဝါရီ (၁၄)ရက် နံနက်(၉) နာရီအချိန်၌ ဒုတိယ ရက်မြေ...

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပူအင်းကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်ကို ဖေဖော်ဝါရီ (၁၄)ရက် နံနက်(၉) နာရီအချိန်၌ ဒုတိယ ရက်မြောက်အဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်လျှက်ရှိကြောင်း ဒေသခံများထံက သိရသည်။ယခုနှစ်ကျင်းပပြုလုပ်သည့် ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်တွင် ကရင်ရိုးရာဒုံးယိမ်းအကများ၊ ကရင်ရိုးရာမုန့်များ ကျွေးမွေးခြင်းအစီအစဉ်များထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ထိုပွဲတော်ကျင်းပရခြင်းသည် ဒေသတွင်းရိုးရာအစဉ်အလာဓလေ့ထုံးစံအရ နတ်စာကျွေးပူဇော်ပသသည့် ပွဲတော်တစ်ခုဖြစ်ကာ၊ ရှေးလူကြီးများ၏ အဆိုအရ ဒေါင် ဒင်အင်းနေရာ၌ နန်းတော်တစ်ခုတည်ရှိခဲ့ပြီး ယင်းမြို့အား အုပ်ချုပ်ခဲ့သည့် ဘုရင်နှင့် မြို့သူမြို့သားတို့မှာ ဘာသာရေးအယူလွှဲ၍ ရဟန္တာတစ်ပါးအားစော်ကားမိရာမှ ယင်းအရပ်၌ ရေလွှမ်းမိုးကာ ငါးများဘဝသို့ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။



news-view-count-icon

17