ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့တွင် အချိန်ခါမဟုတ် မိုးကြီးလာနိုင်ဖွယ်ရှိနေဟုဆို

Feb 16 • 5:43 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့တွင် အချိန်ခါမဟုတ် မိုးကြီးလာနိုင်ဖွယ်ရှိနေဟုဆို

ယခုလ ဖော်ဖော်ဝါရီ(၂၀)ရက် နောက်ပိုင်း ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့တွင် အချိန်ခါမဟုတ် မိုးကြီးလာနိုင်ဖွယ်ရှိနေသည်ဟု မွန်ကရင် မိုးလေဝသသတိ...

ယခုလ ဖော်ဖော်ဝါရီ(၂၀)ရက် နောက်ပိုင်း ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့တွင် အချိန်ခါမဟုတ် မိုးကြီးလာနိုင်ဖွယ်ရှိနေသည်ဟု မွန်ကရင် မိုးလေဝသသတိပေးထုတ်ပြန်ချက်များမရ သိရသည်။ထို့အပြင် ယခု ၂၀၂၅ ခုနှစ် အတွင်း မုတ်သုံရာသီသည် လာနီညာဖြစ်စဉ်နှင့် ပေါင်း စပ်ကာ ပုံမှန်ထက် ပိုမိုပြင်းထန်သော မိုး ရွာသွန်းမှုများကို ဖြစ်ပေါ်စေနိုင်သည့်အပြင် ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ ကမ်ဗောဒီယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် အချိန်ခါမဟုတ် မိုးရွာသွန်းမှုများ စတင်ဖြစ်ပေါ်နိုင်မည်ဟု ဆိုထားသည်။ထို့ကြောင့် ယခုလ (၂၀)ရက်နေ့နောက်ပိုင်း တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ တနင်္သာရီ တိုင်း ၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် မိုးရွာသွန်းမှု(၆၅) ရာခိုင်နှုန်း အလားလာရှိနိုင်ပြီးတနင်္သာရီတိုင်း၌(၉၅)ရာခိုင်နှုန်း မိုးကောင်းလာနိုင်ဖွယ်ရှိနေတာကြောင့် တောင်သူစိုက်ပျိုးရေးလုပ်ကိုင်နေကကြသူများ အထူးသတိပြုရန် ကြိုတင်သတိပေးရခြင်းဖြစ်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။

news-view-count-icon

20