အသက် (၁၀)နှစ်မှ (၁၅)နှစ် ကြားလူငယ်များအတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပုသိမ်မြို့တို့တွင် နွေရာသီ အခြေခံဘောလုံးနှင့် ဖူဆယ်သင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။သင်တန်းအား မတ်လ (၁၀) ရက်မှ ဧပြီလ (၉) ရက်အထိ တစ်ကြိမ်၊ ဧပြီ (၂၈) ရက်မှ မေလ (၂၈) ရက်အထိ တစ်ကြိမ် နှစ်ကြိမ်ခွဲ၍ ဖွင့်မည်ဖြစ်ပြီး၊ ရန်ကုန်တွင် ဘောလုံးသင်တန်းသား (၄၀၀)၊ ဖူဆယ် သင်တန်းသား (၂၀၀)၊ မန္တလေးတွင် ဘောလုံးသင်တန်းသား (၄၀၀)၊ တောင်ကြီးတွင် ဘောလုံးသင်တန်းသား (၂၀၀)၊ ပုသိမ်တွင် ဘောလုံးသင်တန်းသား (၂၀၀) စုစုပေါင်း သင်တန်းသား (၁၄၀၀)တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။တက်ရောက်လိုသူများ အနေဖြင့် မိဘ/အုပ်ထိန်းသူ ကိုယ်တိုင် ဖေဖော်ဝါရီ (၁၇)ရက်မှ (၂၈)ရက်အထိ ရုံးချိန်အတွင်း ပုသိမ် - 09698858827 ၊ တောင်ကြီး - 09252636425၊ 09253794899၊ ရန်ကုန် (သုဝဏ္ဏကွင်း ဂိတ်-၂) - 092512 29426 (Grassroots hotline)၊ 09403725425 မန္တလေး (မြန်မာ ဘောလုံးအကယ်ဒမီ) 09696463565 တို့အား ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။