မြန်မာစတားသီချင်းဆိုပြိုင်ပွဲမှာ Top 11 ကနေ Top 8 ပြန်လည်ရွေးချယ်ခဲ့ရာမှာ လင်းပြည့်ဟိန်း KD Seng Awng ငွါးချယ်သား တို့ သုံးဦးက ဒိုင်အမှတ်နဲ့ voting ရလဒ် အနည်းဆုံး ဖြစ်ပြီး နှုတ်ထွက်ရတဲ့ပြိုင်ပွဲဝင် ၃ဦးဖြစ်ခဲ့တာပါ။အဲဒီ ပြိုင်ပွဲဝင်၃ဦးထဲကမှ တစ်ဦးကို ပြန် save ခဲ့တဲ့အခါမှာတော့ ငွါးချယ်သား က save ဖြစ်ပြီး Top 9 အဖြစ် ဆက်လက် ယှဥ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ လင်းပြည့်ဟိန်း နဲ့ KD Seng Awng ကတော့ မြန်မာစတားကနေ Top 9 အဆင့်မှာပဲ နှုတ်ဆက်ခဲ့ရပြီဘဲဖြစ်ပါတယ်။နန်းနီ ၊ယုဝေဖြိုး ၊စောမျိုးရာဇာကျော် Ephraim၊ ကျော်ဦး အစရှိတဲ့ပြိုင်ပွဲဝင်တွေကတော့ Top 8 ကိုအသီးသီးဝင်ခဲ့ကြတာတွေ့ရပါတယ်။



