ရန်ကုန်-ပုသိမ် ခရီးစဉ်တွင် စင်းလုံးငှားနှင့် တစ်ဦးချင်းငှား EV Taxi များ ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း စွမ်းသူအောင် EV ဂိတ် ရန်ကုန်ဂိတ်မှူး ဦးအောင်မြတ်သူက ပြောသည်။ လက်ရှိတွင် ရန်ကုန်-ဖျာပုံနှင့် ရန်ကုန်-မော်လမြိုင် ခရီးစဉ်များကို EV Taxi များဖြင့် ပြေးဆွဲနေပြီး ရန်ကုန်-မော်လမြိုင် ခရီးစဉ်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်မှ စတင်ခဲ့ ကြောင်း သိရသည်။EV Taxi များသည် ဆူညံသံမရှိခြင်း၊ အဲကွန်းအမြဲဖွင့်ထားနိုင်ခြင်း၊ အိမ်တိုင်ရာရောက် အကြိုအပို့လုပ်ပေးနိုင်ခြင်း စသည့် အားသာချက်များရှိသည်။ လက်ရှိတွင် ရန်ကုန်-ဖျာပုံ ခရီးစဉ်တွင် တစ်နေ့ EV Taxi (၂၄)စီး၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်တွင် (၁၀)စီး ဖြင့် ပြေးဆွဲလျက်ရှိ ကြောင်း သိရသည်။



