ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်လုပ်ငန်းတွေ နှိမ်နင်းဖို့အတွက် ထိုင်းအစိုးရက မြန်မာဘက်ကို ပြည်တွင်းထုတ်ကုန် ၁၁ မျိုး တင်သွင်းခွင့်ပိတ်လိုက်တယ်လို့ ထိုင်းသံရုံးနဲ့ ထိုင်းတာဝန်ရှိသူတွေကပြောထားပါတယ်။ထိုင်းအစိုးရဟာ မြဝတီနဲ့ ရွှေကုက္ကိုလ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လည်လုပ်ငန်း ကျားဖြန့်နှိမ်နင်းဖို့အတွက် တရုတ်အစိုးရရဲ့ ဖိအားပေးခြင်းကို ရင်ဆိုင်နေရတာဖြစ်ပြီးထိုင်းအစိုးရအနေနဲ့ ထိုင်း-မြန်မာနယ်စပ်ရှိ ဒေသ ၅ နေရာကို ပေးနေတဲ့ လျှပ်စစ်ဓာတ်အားတွေ၊ အင်တာနက်လိုင်းတွေနဲ့ လောင်စာဆီတွေအပြင်ထိုင်းထုတ်ကုန် ၁၁ မျိုးအား ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။ထိုင်းအစိုးရက မြန်မာဘက်ခြမ်းကို တင်သွင်းခွင့်ပိတ်တဲ့ ကုန်စည်တွေကနည်းပညာပစ္စည်းတွေဖြစ်တဲ့ မိုဘိုင်းဖုန်းအသစ်၊ ဘက်ထရီအားလုံး ၊ အင်ဗာတာ ၊မီးစက် ၊ ဆိုလာပြား ၊ မိုဘိုင်းကိရိယာတွေ ၊Cable ကြိုးတွေ ၊ ကွန်ပျူတာဟာ့ဒ်ဝဲ ၊ ကွန်ပျူတာဆော့ဖ်ဝဲ ၊ အင်ဂျင်ဝိုင် ၊စက်သုံးဆီနဲ့ လိမ်လည်သူတွေနဲ့ သက်ဆိုင်တဲ့ ကုန်ပစ္စည်းတွေ ပါဝင် နေပါတယ်။
ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ မြဝတီဘက်ကို တင်သွင်းခွင့်ပိတ်သည့်ပစ္စည်းများတွင် နည်းပညာသုံးပစ္စည်းများများစွာပါဝင်နေ
Feb 12 • 9:27 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


