၁၀.၂.၂၀၂၅ရက်နေ့ သထုံမြို့၊သိမ်ကုန်းရပ်ကွက်၊ရွေစာရံဘုရားလမ်း၊အထက(၂)ကျောင်းနှင့်အထက(၄)
လမ်းဆုံနေရာတွင် ယနေ့ည(8:00)နာရီဝန်းကျင်အချိန်ခန့်အမျိုးသမီးတစ်ဦးမောင်းနှင်သောဆိုင်ကယ်အားကားတစ်စီးမှဝင်ရောက်တိုက်မိပြီးမောင်းနှင်ထွက်ပြေးသည့်ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသိရသည်။အခင်းဖြစ်နေရာတွင်ဆိုင်ကယ်မောင်းနှင်သူအသက်(20)နှစ်ခန့်ရှိအမျိုးသမီးမှာညာခြေထောက်ကျိုး(မစိုးရိမ်ရ)ဒဏ်ရာရရှိထား၍အချိန်မှီဆေးဝါးကုသမှုခံယူစေရန်အခင်းဖြစ်နေရာမှသထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအသင်းလူနာတင်ယာဉ်ဖြင့်ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။



