ရှမ်းပြည်အရှေ့ပိုင်းမြို့များ၌ လိုင်စင်မဲ့ယာဉ် စီးနင်းသူလျော့နည်းလာကာ လိုင်းကားစီးသူ ပိုမိုများပြားလာကြောင်း လိုင်းကားဂိတ်များထံက သိရသည်။လိုင်စင်မဲ့ယာဉ် ဖမ်းဆီးခြင်းကြောင့် ကျိုင်းတုံ၊ တာချီလိတ်ပြေးဆွဲနေသည့် EXPRESS လိုင်းများ ကားစီးရေတိုးမြင့်ပြေးဆွဲနေရသလို မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် ယာဉ်ငယ်လိုင်းများလည်း စီးသူများပြားလာနေကြောင်း သိရသည်။ဆိုင်ကယ် TAXI များ၊ လိုင်စင်မဲ့ဆိုင်ကယ်များအနေဖြင့်လည်း မြို့တွင်း ခရီးတိုများကိုသာ သွားလာနေကြသည်ဟု တာချီလိတ်၊ မကာဟိုခမ်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။လိုင်စင်မဲ့ကား အသုံးပြုခြင်းများပြားသည့် မိုင်းတုံ၊ မိုင်းဆတ်မြို့များ၌ ဖမ်းဆီးခံရမည်စိုးသဖြင့် မောင်းနှင်သူလည်း သိသိသာသာလျော့နည်းနေသလို လိုင်းကားစီးသူလည်း များပြားလနေကြောင်း မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် ဂိတ်လိုင်းတာဝန်ခံတစ်ဦးထံက သိရသည်။
ရှမ်းပြည်အရှေ့ပိုင်း၌ လိုင်စင်မဲ့ယာဉ်စီးနင်းသူ လျော့နည်းကာ လိုင်းကား စီးသူများပြားလာ
Feb 09 • 10:55 AM
မြန်မာ
ရှမ်း
မျှဝေမည်
2 | 0 | 0 | 0 |