၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့မှ ဖေဖော်ဝါရီ(၅)ရက်နေ့အထိ တာချီလိတ်မြို့တွင် ပူးပေါင်းအဖွဲ့က နေရာပေါင်း (၂၂)နေရာကို ဝင်ရောက်ဖမ်းဆီးသော်လည်း “SKMM” ကားအရောင်း စင်တာ၊ “FORD TACHILEIK” ကား အရောင်းစင်တာ၊ “SYK” ကားရေဆေးနှင့် အလှဆင်ဆိုင်၊ “KKK”ကားရောင်းဝယ်ရေး၊ “ဟောင်” ကားအရောင်းစင်တာ၊ နှင့် “IC”ကားရေဆေးခုံ နှင့်ကားဝပ်ရှော့ စသည့် နေရာ(၅)နေရာတို့မှ မန်နေဂျာ နှင့် အရောင်းစာရေး၊ ကားပြင်သူ စုစုပေါင်း (၉)ဦး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ဖမ်းဆီးခံရသူ (၉)ဦးထဲက (၆)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် လည်းကောင်း ကျန်(၃)ဦးကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် လည်းကောင်း ဖမ်းဆီးထားပြီး ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ-၈ နှင့် ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ-၁၀ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ဖမ်းဆီးသိမ်းဆည်းထားသည့် ကားများကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် သိမ်းဆည်းထားရှိကြောင်း သိရသည်။



