ဖေဖော်ဝါရီ ၆ရက်နေ့ ထိုင်း၊ ချွန်ပူလီခရိုင်ရှိ (မီးကြိုး) စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၁၀၀ ကျော်သည် နားရက်မရှိ အလုပ်ဆင်းရပေမယ့် အချိန်ပိုကြေး မရနေကြောင်း သတင်းပေးရပြီး၊ အလုပ်သမားရုံး (ဆဝါဒီကန်ရုံး) သို့ တိုင်ကြားကြောင်း WAG - အလုပ်သမားမဟာမိတ်အဖွဲ့က သတင်းပြန်ကြားခဲ့သည်။



