တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ရှားပါးမျိုးစိတ် ပန်ဒါနီစုံတွဲ အသစ်ရောက်ရှိလာ

Feb 04 • 10:37 AM

breaking-news

မြန်မာ

ရန်ကုန်

cover

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ရှားပါးမျိုးစိတ် ပန်ဒါနီစုံတွဲ အသစ်ရောက်ရှိလာ

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ရှားပါးမျိုးစိတ် ပန်ဒါနီမလေး မီးမီးနှင့် ပန်ဒါနီအထီးလေး မောင်မောင်တို့ စုံတွဲအသစ်ရောက်ရှိလာတာကြောင့် ပြကွက်အသစ်များ ပြင်ဆင်ထားတဲ့အတ...

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ရှားပါးမျိုးစိတ် ပန်ဒါနီမလေး မီးမီးနှင့် ပန်ဒါနီအထီးလေး မောင်မောင်တို့ စုံတွဲအသစ်ရောက်ရှိလာတာကြောင့် ပြကွက်အသစ်များ ပြင်ဆင်ထားတဲ့အတွက် လာရောက်ကြည့်ရှုနိုင်ပြီလို့ သိရပါသည်။

အဆိုပါ ပန်ဒါနီများဟာ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)မှာ ၅ ကောင်ရှိရာမှ ပြကွက်အသစ်တိုးပြသနိုင်ဖို့နဲ့ မျိုးဆက်ပွားနိုင်ဖို့အတွက် ပန်ဒါနီမလေးမီးမီးနဲ့ မောင်မောင်တို့ကို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ခေါ်ယူထားတာ ဖြစ်တယ်လို့လည်း သိရပါသည်။၎င်း ပန်ဒါနီလေးများကို အမြင့်ပေ ၈၀၀၀ ကျော်ရှိ တောင်တန်းများတွင်သာတွေ့ရှိရပြီး တရုတ်၊ ဘူတန်၊ နီပေါ၊ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တို့တွင်သာ တွေ့ရှိရကြောင်းနှင့် ယခုပြသထားသည့် မျိုးစိတ်မှာ Chinese Red Panda အမျိုးအစားဖြစ်ပြီး ရှားပါးမျိုးစိတ်ဖြစ်ကြောင်းလည်း သိရပါသည်။


news-view-count-icon

47