ဖေဖော်ဝါရီလ ၄ ရက် မနက်ပိုင်း ၇ နာရီခွဲ အချိန်က
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် လူငယ်တစ်ဦးမိမိကိုယ်မိမိ ကြိုးဆွဲချသေကြောင်းကြံခဲ့ပါတယ်။သေဆုံးသူမှာ-ရွှေညောင်မြို့၊ ရေနံဝန်း ၊ ဝန်ထမ်းလိုင်းခန်း မှ ဟု ယူဆ ရပြီး ရွှေညောင် စလီဗာတုံး စက်ရုံအနီး ညောင်ပင်တွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့တာပါ။ နာရေးကူညီမှုအသင်းမှအလောင်းကိုတော့ စဝ်စံထွန်းဆေးရုံ ကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။ ထိုသေဆုံးသူလူငယ် အမျိုးသားသည် အသက် ၁၉ နှစ်အရွယ်ဖြစ်ပါတယ်။