ရန်ကုန်မြို့တွင်းYBS (133) ယာဉ်လိုင်းသည်ဒဂုံဆိပ်ကမ်း(အမျိုးသားကင်ဆာကုဆေးရုံ) (ဂိတ်ရင်း)မှ လသာ(ဂိတ်ဖျား) သို့ လမ်းကြောင်း တိုးချဲ့ပြေးဆွဲပေး

Feb 04 • 6:46 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့တွင်းYBS (133) ယာဉ်လိုင်းသည်ဒဂုံဆိပ်ကမ်း(အမျိုးသားကင်ဆာကုဆေးရုံ) (ဂိတ်ရင်း)မှ လသာ(ဂိတ်ဖျား) သို့ လမ်းကြောင်း တိုးချဲ့ပြေးဆွဲပေး

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် YBS 133 ယာဉ်လိုင်းမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (အမျိုးသားကင်ဆာကုဆေးရုံ) (ဂိတ်ရင်း)မှ လသာ(ဂိတ်ဖျား) သို့ လမ်း...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် YBS 133 ယာဉ်လိုင်းမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (အမျိုးသားကင်ဆာကုဆေးရုံ) (ဂိတ်ရင်း)မှ လသာ(ဂိတ်ဖျား) သို့ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးလျက်ရှိပါတယ်။YBS 133 ယာဉ်လိုင်းမှာ ယခင်က ယုဇနဥယျာဉ်မြို့တော် (ဂိတ်ရင်း)မှ ဗိုလ်ချုပ်ဈေး(ဂိတ်ဖျား) ထိပြေးဆွဲပေးနေရာမှ လက်ရှိတွင် ယခုကဲ့သို့ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေခြင်းဖြစ်သည်။YBS - 133 ခရီးစဉ်လမ်းကြောင်း ဒဂုံဆိပ်ကမ်း (အမျိုးသားကင်ဆာရောဂါကုဆေးရုံ) မှကနောင်ကွေ့ - ယုဇနမုခ်ဦး - ကျွန်းရွှေဝါလမ်း - ကွန်တိန်နာအဝိုင်း - ပုဏ္ဏမီလမ်း - ပဲခူးမြစ်လမ်း - သိမ်ကျောင်းလမ်းဆုံ - သစ်ဆိပ် - ကွေ့မ - တိုင်းရင်းသားကျေးရွာ - သာကေတအဝိုင်း - ကျောက်တိုင် - (၁)ဈေးကွေ့ - ဒေါပုံသင်္ဘောကျင်း - မဟာဗန္ဓုလတံတား - လမ်း(၅၀) - အနော်ရထာလမ်း - လသာ - အရေးပေါ်ဌာန - ရန်ကုန်ပြည်သူ့ဆေးရုံကြီး - ဗိုလ်ချုပ်ဈေး - ဆူးလေ - မဟာဗန္ဓုလလမ်းအထိဖြစ်ပါတယ်။



news-view-count-icon

151