တာချီလိတ်မြို့နယ်၊ ဝမ်မိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး တင်မြင့်က, မူးယစ်ဆေးဝါးအတူတွဲရောင်းချသည့် လောင်းကစားဝိုင်းများမှ လစဉ်ငွေကောက်ခံကာ ဖွင့်လှစ်ခွင့်ပြုထားသည်ဟု ဒေသခံများက ဆိုသည်။ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ငါးဂိမ်းခုံ ၂၀ ခန့်ရှိပြီး, ခုံတစ်ခုံလျှင် လစဉ်ဘတ် ၁၀,၀၀၀ ဖြင့် လိုင်းကြေးပေးထားရသည်။ ယင်းဖြင့် လူငယ်များ မူးယစ်ဆေးဝါးပြုမှုများ မြှင့်တက်လာကြောင်း မိဘများက စိုးရိမ်နေကြသည်။ထို့အပြင်, အိမ်မြေစာချုပ်များ၊ မီတာဘောက် ထောက်ခံစာများအတွက်လည်း ငွေကြေးအတိုးအကျယ် တောင်းခံမှုများရှိပြီး, ဝမ်မိုင်တွင် တရားခံပြေးများနှင့် မှုခင်းဖြစ်ပွားမှုများ များလာသည်ဟု သိရသည်။ ရပ်ကွက်အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ကလည်း ငါးဂိမ်းခုံများမှ လိုင်းကြေးယူကာ လစ်လျှူရှုထားသဖြင့် မှုခင်းများ နေ့စဉ်ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။
တာချီလိတ်မြို့ ဝမ်မိုင်အုပ်ချုပ်ရေးမှူး မူးယစ်ရောင်းချသည့် ငါးဂိမ်းခုံများကို လိုင်းကြေးယူကာကွယ်
Feb 04 • 6:11 AM
မြန်မာ
ရှမ်း
မျှဝေမည်
5 | 0 | 0 | 0 |