မကွေးတိုင်းတွင် ပြည်တွင်းဘုရားဖူးခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ရွှေစက်တော်ဘုရားပွဲတော် ခရီးစဥ်တွေပြေးဆွဲနေပေမဲ့ ခရီးသွားလာသူနည်းပါးနေ

Feb 04 • 6:06 AM

breaking-news

မြန်မာ

မကွေး

breaking-news
cover

မကွေးတိုင်းတွင် ပြည်တွင်းဘုရားဖူးခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ရွှေစက်တော်ဘုရားပွဲတော် ခရီးစဥ်တွေပြေးဆွဲနေပေမဲ့ ခရီးသွားလာသူနည်းပါးနေ

မကွေးတိုင်းဒေသကြီး ၊မင်းဘူးခရိုင်ရှိမန်းရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီး ဘုရားဖူးခရီးသွားဧည့်သည်ဝင်ရောက်မှု လျော့နည်းနေသလို ...

မကွေးတိုင်းဒေသကြီး ၊မင်းဘူးခရိုင်ရှိမန်းရွှေစက်တော်ဘုရားပွဲကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပြီး ဘုရားဖူးခရီးသွားဧည့်သည်ဝင်ရောက်မှု လျော့နည်းနေသလို တည်းခိုဆောင်နဲ့ စျေးဆိုင်ခန်းတွေလည်း ထက်ဝက်လောက်လျော့ကျခဲ့ပါတယ်။မင်းဘူးခရိုင်ရှိ မန်းရွှေစက်တော်ဘုရားပွဲအတွက်ပြည်တွင်းဘုရားဖူးခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေကတော့ ရွှေစက်တော်ဘုရားပွဲတော် ခရီးစဥ်ပက်ကေ့တွေရောင်းချနေကြသလို ကားစင်းလုံးငှားဝန်ဆောင်မှုတွေလည်းပေးနေကြကာ လတ်တလောမှာတော့ ရွှေစက်တော်ဘုရားပွဲစတင်ကျင်းပတဲ့ကာလမှာ ခရီးသွားဧည့်သည်ဝင်ရောက်မှုနည်းနေသေးပါတယ်။ ရွှေစက်တော်ဘုရားပွဲကိုတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း ၇၅ ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။



news-view-count-icon

3