ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးနှင့် ရိုးလေးကျေးရွာကြားတွင် YBS-22 ယာဉ်နှင့် ဖယ်ရီကြိုပို့ယာဉ် မျက်နှာချင်းဆိုင်တိုက်မိပြီး YBSမှ လမ်း‌မှလမ်းသွားအမျိုးသားတစ်ဦးကိုထပ်ဆင့်တိုက်ခဲ့၍ သေဆုံးမှုဖြစ်ပွားခဲ့

Feb 04 • 5:30 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးနှင့် ရိုးလေးကျေးရွာကြားတွင် YBS-22 ယာဉ်နှင့် ဖယ်ရီကြိုပို့ယာဉ် မျက်နှာချင်းဆိုင်တိုက်မိပြီး YBSမှ လမ်း‌မှလမ်းသွားအမျိုးသားတစ်ဦးကိုထပ်ဆင့်တိုက်ခဲ့၍ သေဆုံးမှုဖြစ်ပွားခဲ့

ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီခွဲကျော်အချိန်ကရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးနှင့် ရိုးလေးကျေးရွာကြားတွင် YBS-22 ယာဉ်နှင့် ဖယ်ရီကြိုပို့ယာဉ် မျက်န...

ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီခွဲကျော်အချိန်ကရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးနှင့် ရိုးလေးကျေးရွာကြားတွင် YBS-22 ယာဉ်နှင့် ဖယ်ရီကြိုပို့ယာဉ် မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ လမ်းဘေးတွင်ထိုင်နေတဲ့ အမျိုးသားတစ်ဦး ကိုထို YBS-22 ယာဉ်က ထပ်မံတိုက်မိခဲ့လို့ တိုက်ခံရသူအမျိုးသား သေဆုံးသွားခဲ့ရပါတယ်။ ဖြစ်စဉ်နေရာသို့ FRD အသင်းနှင့် မနောဖြူစင်အသင်းတို့မှ သွားရောက် ကူညီခဲ့ကြပြီး သေဆုံးသည့်ရုပ်အလောင်းကို လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးထား ပါတယ်။YBS-22 တိုက်ခံခဲ့ရတဲ့ အမျိုးသားမှာ အသက် (၂၇) နှစ်ရှိအရွယ်ရှိပြီး သေဆုံးခဲ့သူ မိသားစုဝင်များ လှိုင်သာယာဆေးရုံသို့ ရောက်ရှိလာပြီး အလောင်းကိုစစ်ဆေးလက်ခံခဲ့ပါတယ်။

news-view-count-icon

30