အဆိုတော်ကျားပေါက် နဲ့ ဆွိဝတ်ရည်သောင်းတို့ဇနီးမောင်နှံဟာ လက်ရှိမှာသမီးလေး နှစ်ယောက်ကိုပိုင်ဆိုင်ထားပြီးပြီပဲဖြစ်ပါတယ်။ ဆွိဝတ်ရည်သောင်းနဲ့ သူ့ရဲ့ တတိယမြောက်ရရှိလာမယ့် ရင်သွေးလေးကတော့Ultrasoundရလဒ်အရသားယောကျာ်းလေး ဖြစ်တယ်လို့ အဆိုတော်ကျားပေါက် ခေါ်ဟန်ထူးလွင်က ဂုဏ်ယူစွာဖြင့် မီဒီယာထံ အသိပေးလိုက်တာပါ။ သမီးလေးနှစ်ယောက်အပြင် ထပ်မံရရှိလာမယ့် ကလေးလေးဟာ သားယောက်ျားလေးဖြစ်တာမို့ ပိုပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ရရှိသွားပြီပဲဖြစ်ပါတယ်။



